Friday, March 8, 2013

ချစ်သူနင့်စစ်ခင်းခြင်း

အချစ်နှင့် စစ်ခင်းခြင်း ...

   

ချစ်သူ...
အချစ်နှင့်စစ်ခင်းတဲ့အခါ၊
ကိုယ်ဟာရိုးသားစွာရင်ဆိုင်ချင်သူပါ၊
ပိုင်ဆိုင်သူရှိတယ်ဆိုရင်၊
ကြိုတင်ပြောပါ၊
ရောက်တဲ့နေရာက၊
မင်းအလိုကျနောက်ပြန်လှည့်မဲ့သူပါ။
အချစ်နှင့်ယှဉ်ပြိုင်တဲ့အခါ၊
ကိုယ်ဟာ လက်နက်မရှိတဲ့စစ်သည်တော်ပါ၊
လေးမြှားမရှိတဲ့မုဆိုးတစ်ယောက်ပါ၊
ငါးကိုလက်နဲ့ဖမ်းမယ့်တံငါသည်တစ်ယောက်ဆိုရင်၊
ချစ်သူအမြင်မျှတပါရဲ့ လား။
စကားလုံးတွေနဲ့ ဖမ်းစား၊
ကဗျာတွေနဲ့ထိန်းထား၊
ကလေးတစ်ယောက်လိုမုန့်ဘိုးပေးပြီး၊
ခရီးကြုံရည်စားစကားပြောမယ့်၊
ချင့်ယုံအနှစ်မယ့်လူစားလည်းမဟုတ်ပါ။
တစ်ခုတော့ပြောပါ့မယ်၊
နှလုံးသားကိုတော့သိမ်းထားမရလို့၊
တို့နှစ်ယောက်စစ်ခင်းကစားရင်၊
ချစ်ခြင်းစကားဆိုပြီး သုံးထားပါ့မယ်။
ကဲ ချစ်သူ…
စစ်ကူမခေါ်ပဲကြည်ဖြူစွာလက်တွဲမလား၊
စစ်ကူအင်အားသုံးပြီးအမုန်းများပွားလေမလား၊
ရိုးသားတဲ့တို့ကတော့၊
ကြိုးစားပြီးယှဉ်ပြိုင်မှာနော်၊
နိုင်ချင်နိုင် ရှုံးချင်ရှုံးသွားပါစေ၊
နှလုံးသားကိုနောက်ဆုံးအဖြေထိစတေးရင်းနဲ့ပေါ့။                  ။
(ကိုယ်တိုင်ခံစားချက်ကဗျာလေးပါ)
ခင်မင်လေးစားစွာဖြင့်....
                                                                                     မောင်နေထွန်းလှိုင်(ပုသိမ်)

No comments:

Post a Comment