Friday, March 8, 2013

*မြန်မာပြည်တွင်သာ ရှိသည်*

*မြန်မာပြည်တွင်သာရှိသည်*




*အတ္တမဆန် ၊ အရင်းခံဖြင့်

     ဆက်ဆံတတ်တာ ၊ ထိုမေတ္တာ


မြန်မာပြည်မှာသာရှိပါသည်။


   *ကိုယ်ကျိုးထက် ၊ သူ့ အတွက်ဟု

ငဲ့ကွက်တတ်တာ ၊ အနစ်နာ


    မြန်မာပြည်တွင်သာရှိပါသည်။


*ဒုက္ခကြံငြား ၊ တူခံစားရင်း

အားပေးတတ်တာ ၊ ဂရုဏာ

    မြန်မာပြည်တွင်သာရှိပါသည်။


*အားနည်းသူဆီ ၊ ဖေးမမည်ဟု


ကူညီတတ်တာ ၊ အကြင်နာ


   မြန်မာပြည်တွင်သာရှိပါသည်။

*သူကောင်းစားက ၊ နှစ်ခြိုက်လှသည့်

   အားရ၀မ်းသာ ၊ မုဒိတာ

မြန်မာပြည်တွင်သာရှိပါသည်။


*နွမ်းပါးသူဆို ၊ ကူညီလိုသည့်

   ပိုမိုသဒ္ဓါ ၊ စေတနာ

မြန်မာပြည်တွင်သာရှိပါသည်။


*ကတိစကား ၊ မပျက်ပြားအောင်

လေးစားလိုက်နာ ၊ ထိုသစ္စာ

   မြန်မာပြည်တွင်သာရှိပါသည်။



*ပရဟိတ ၊ နှုန်းပြည့်ဝသည့်


   အာဂကောင်းမှု ၊ အပေါင်းစုဖြင့်

   စံပြုထင်ရှား ၊ မြင့်မြတ်ငြား၍

      မြန်မာ့စိတ်ရင်း ၊ ကောင်းသတင်းကို


       မင်း တို့  ဂုဏ် ယူ ကြ ပါ ကုန်။   
      
 

1 comment:

  1. မြန်မာပြည်ကို ချစ်ပါ မြန်မာပြည်ကို မြတ်နိုးပါ...မြန်မာပြည်တွက် ဆုတောင်းပေးပါ...ဖူးစာရှင် မှ ပြန်လည် ကူးယူတင်ပြခြင်းဖြစ်ပါသည်။

    ReplyDelete