Friday, March 8, 2013

ဖြစ်မလာသေးတဲ့နေ့ ရက်များတွက်

 ဖြစ်မလာသေးတဲ့နေ့ ရက်များတွက်
       အချိန်တွေနဲ့   နေရာတိုင်းကို
ချစ်သူ  နင်  အပိုင်းစိုးမိုးထားတာ
 ရင်ခုန်သံနဲ့    အသက်ရှုနှုန်းတွေ  နှေးကွေးနေတယ်
 တူညီမှု့  တွေ  ပြည့်လျှံနေတဲ့   ရင်ဘတ်ထဲက  အချစ်တွေ
 ထပ်တူကျဖို့    သတိရမိရင် ပြန်ခဲ့နော်
မိုင်ချီ  ဝေးနေတဲ့  နှလုံးသား   နှစ့်ခု  အတွက်
အလွမ်းတွေကို  မိုးမသဲစေရ
ခံစားချက်တွေ နဲ့   ဖန်တီးထားတဲ့  အချစ်စံအိမ်
ဒုက္ခမီးလျှံတွေကြားက  အတူ  ရုန်းထွက်ပြီး
ရှင်သန်ရာ  နယ်မြေခြားမှာ
ဆုံမှတ် ဥယျာဉ်  စိုက်ထူ
လှပတဲ့  ပန်းခင်းလေးတွေ ဖန်ဆင်းကြမယ်  ချစ်သူ
အလွမ်းတွေကို  ဘယ်အခါမှ  လက်ကျန်ဆိုတာမရှိစေရဘူး
မနက်ဖြန်နဲ့   စက္ကန့် တိုင်းကို  အနမ်းတွေနဲ့   လန်းဆန်း  စေရမယ်
ပန်းခင်းလမ်း မဟုတ်တဲ့ 
တို့   နာဂတ်လေးဘယ်အချိန်မှ ငြိုးနွမ်းမနေရ
အတားစည်းတွေ ပိတ်ဆို့ နေပါစေ
နွမ်းမနေတဲ့     အားသစ်မွေးရင်း ရှေ့ ခရီး ဆက်လျှောက်နေမယ်
ချစ်သူ..........

1 comment:

  1. ခံစားချက် တိုက်ဆိုင်ရင် ကွန့် မန့် လေးနဲ့ ရေးပေးစေချင်တယ်

    ReplyDelete