Friday, March 8, 2013

ဘဝအတွက် မှတ်သားဖွယ်ရာများ

 ဘဝအတွက် မှတ်သားဖွယ်ရာများ


၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။

၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာ တောင်းယူပါ။
၃။ သူငယ်ချင်းအသစ်သည် ကိုယ်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။
၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖက်ပါ။
၅။ မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင် ကူညီလုပ်ပေးပါ
၆။’ ကျေးဇူးတင်ပါတယ်’ဆိုသောစကားကို အမြဲများများပြောပေးပါ
၇။ သူတပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကားတို့အား မိမိ အနေဖြင့်ထိမ်းသိမ်းပါ
၈။ ခွင့်လွှတ်စိတ်ရှိပါ။
၉။ နားထောင်သည့်အလုပ်ကိုဦးစားပေးပါ
၁၀။ အမှားရှိလျှင်ဝန်ခံနိုင်ရမည်။
၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့်
၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက်လေးနက်မှုရှိလေလေ
၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်
၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့်
၁၅။ တောင်းပန်ရန် ဝန်မလေးပါနှင့်
၁၆။ မသိပါက မသိကြောင်းဝန်ခံပါ
၁၇။ ကီလို ၁၀၀၀ (မိုင်ထောင်ချီခရီး)အားချောမွေ့သည်ဟူ၍မရှိနိုင်ပါ
 ၁၈။ မွေးကတည်းက မည်သူမျှမပြေးတက်သေးပါ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ
၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ (ဘဝကိုချစ်တဲ့သူ)
၂၀။ ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူကြီးပွားဖို့မမျှော်လင့်သူ ၂
၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရပ်သွားသူ ကပညာရှိပါ
၂၂။ တသက်လုံးအလုပ်လုပ်ရက်မရှိပါ နားရက်တွေပါဘဲ
၂၃။ ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လဲဖြစ်မယ် ပျော့ကွက်ကို အနိုင်မယူမိပါစေနှင့်
၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတတ်ပါစေ။
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင်မျက်နှာနှစ်ခု ရှိတယ်ဒီလိုဘဲ ဘဝဟာအနိုင်/အရှုံး- အောင်မြင်မှု /ကျရှုံးမှုတွေရှိမယ်
၂၆။ မိမိစိတ်ကိုအလိုမလိုက်ပါနှင့်
၂၇။ သွားဟာဘာဖြစ်လို့ကြိုးလဲ(မာလို့) လျှာကကြိုးပါသလား?
၂၈။ အပင်ငယ်တက်ခါစ ကိုမြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့် အမြစ်ပါကြွသွားမည်
၂၉။ မိမိကိုယ်တစ်နေ့လျှင်သုံးကြိမ် သေရမည်ကိုစဉ်းစားပါ အားလုံးပြင်ဆင်ပြီးသားဖြစ်မယ်။
၃၀။ ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါဘဲ
၃၁။ အလုပ်တစ်ခုကိုပြီးမြောက်ဖို့ ရက်ချိန်းတစ်ခုသက်မှတ်ပါ။
၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသောရေဖြစ်ပါစေ။
၃၃။ ကြယ်နှင့်လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ကိုလှမ်းပါ။
၃၄။ လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ။
၃၅။ စာအုပ်တွေဟာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့် ဗဟုသုတအရဆုံး ပညာရှိတစ်ဆူဖြစ်တယ် တစ်လလျှင်တစ်အုပ် ဖတ်နိုင်အောင်လုပ်ပါ
၃၆။ အရာရာသတ်မှတ်ချက် ရှိပါစေ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ။ စည်းကမ်းသည် လူ၏တန်ဖိုး
 မူရင်းရေးသားသူမှာ ထိုင်ဘုရင်ကြီး ဖြစ်ပါသည်။

No comments:

Post a Comment