Friday, March 8, 2013

မိန်းကလေးများ၏ အချစ်စစ်အချစ်မှန်များ

 မိန်းကလေးများ၏ အချစ်စစ်အချစ်မှန်များ



 မြင်ကွင်းတခုက အမြင်အာရုံကိုနောက်ပြန်ကြည့်ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်....

တန်ဆောင်မုန်းလပြည့်နေ့ကပေါ့... ကျွန်မရုံးကိုလာတော့ ဘုရားဖူးသွားကြတဲ့ကားတွေ၊

ဘုရားကိုသွားမှာမို့ ရိုရိုကျိုးကျိုးဝတ်စားထားတဲ့လူငယ်တွေ၊ ယောဂီဝတ်လူကြီးတွေနဲ့

စိတ်ချမ်းသာစရာတွေ့မြင်နေရပါတယ်... အဲ့ဒီအထဲက အမြင်အာရုံထဲရောက်လာသူနှစ်ဦးက
ကားစောင့်နေတဲ့ စုံတွဲတတွဲပါ.... အမျိုးသမီးကတော်တော်ပြေပြေပြစ်ပြစ်သပ်သပ်ရပ်ရပ်ထဲကပါ
သူလက်တစုံနဲ့ကြင်ကြင်နာနာဖက်တွယ်ထားတဲ့အမျိုးသားကလဲ ခပ်ဖြောင့်ဖြောင့်တောင့်တောင့်၊

တခုပါပဲ... ဘ၀ရဲ့အကျိုးပေးကံတခုကြောင့် အမျိုးသား (ကျွန်မအရွယ်နဲ့ဆို အကိုအရွယ်ရှိသူရဲ့)

ခြေထောက်တဖက်က မတ်မတ်ရပ်လို့မရနိုင်အောင်

သေးငယ်နေတာကြောင့် ဂျိုင်းထောက်အကူအညီယူထားရခြင်းပါ....
 
 


သာမာန်မျက်လုံးနဲ့ကြည့်ရင်တော့ ထူးခြားမှုရှိချင်မှရှိမှာပါ...

အမျိုးသမီးမှာရှိတဲ့ အလှတရားနဲ့ဆို ဘက်ပေါင်းစုံကပြီးပြည့်စုံသူတဦးကို ရနိုင်၊ ပိုင်ဆိုင်နိုင်ပါတယ်

မိန်းမသားတိုင်းက ဘယ်သူ့ကိုပဲမေးကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ပုခုံးမှာ မှေးစက်ချင်၊ နားခိုချင်

ဆိုးနွဲ့ချင်ကြမှာပါ။ ခုမြင်ကွင်းမှာတော့ ဖူးစာရေးနတ်ကိုအပြစ်ပုံမချလိုပါဘူး။
 
တကယ်အချစ်စစ်

အချစ်မှန်ရရှိခံစားလာပြီဆိုရင်ဖြင့် မိန်းမသားတွေဟာ ကိုယ်မှီခိုမဲ့ပုခုံးထက်

ကိုယ့်ကိုယ်ပြန်မှီခိုစေချင်တဲ့

စိတ်ဆန္ဒတွေ၊ သတ္တိတွေ အပြည့်ရှိလာတတ်တယ်ဆိုတာပါပဲ။

သူ့အတွက်ဆို ဘေးမသီရန်မခအောင် ကူညီစောင့်ရှောက်မယ်... ရှေ့ကဦးဆောင်

ဦးရွက်မပြုနိုင်ခဲ့ရင်တောင် ကိုယ့်အနားနားမှာအမြဲရှိနေနိုင်မဲ့ ရင်ခွင်စစ်ကိုပဲ လိုချင်၊ ရချင်နေကြတဲ့

အမျိုးအစားတွေပေါ့..... ဒါတောင်စကားပုံကဆိုတယ်... မိန်းမမာယာ သဲကိုးဖြာတဲ့.....

ကျွန်မကပြန်ပြောလိုက်ချင်တယ် အဲ့ဒီမာယာတွေသုံးရတာကလည်း အရောအနှောမပါပဲ

သိပ်ချစ်တတ်လာတဲ့ အကြောင်းတခုကြောင့်ပါလို့.....

မိန်းမသားတွေတကယ့်တကယ်ချစ်တတ်လာရင်

ဂုဏ်တွေ၊ ငွေတွေ၊ စည်းစိမ်တွေ၊ ဥာဏ်ပညာတွေ၊ ကိုယ်ရွေးချယ်မဲ့သူရဲ့ ရုပ်ရည်ကိုယ်ခန္ဒာ

ဖွဲ့စည်းပုံတွေ အရာအားလုံးအားလုံးက ဖွဲ၊ ဆန်ကွဲ၊ ကျောက်ခဲ၊ သဲ ဖြစ်သွားရတာပါပဲလို့....
 
 
ရေကြည်သူ

No comments:

Post a Comment